ယေရှုကို ကိုးစားသူ - ဒီစီ တော့

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း

ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

သမ္မာတရားကို ချစ်မြတ်နိုးသူတိုင်းသည် တော်လှန်သူများ ဖြစ်လေသည်

လက်ဝါးကပ်တိုင်သည် ကျွန်ုပ်တို့ကို ဘုရားသခင်၌ ဖြောင့်မတ်စေသည်သာမက သစ္စာရှိသူများပါ ဖြစ်စေနိုင်သော တန်ခိုးအစွမ်းသတ္တိ ရှိလေသည်။ လက်ဝါးကပ်တိုင်၏ အဖိုးအခကို သိရှိသောအခါတွင် သမ္မာတရားကို ကြောက်ရွံ့ခြင်းမရှိတော့ဘဲ ချစ်မြတ်နိုးလာကြသည်။ ကျွန်ုပ်တို့၏ နှုတ်ထွက်စကားများသည်လည်း သမ္မာတရားအတိုင်းဖြစ်လာ၍ အတည်ပြုရန် သစ္စာဆိုခြင်းများ မလိုအပ်တော့ဘဲ၊ ဘုရားသခင်၏ သမ္မာတရား၌ တဖြည်းဖြည်း မွေ့လျော်လာကြသည်။

အချင်းချင်းအပေါ်တွင် သစ္စာမရှိလျှင် ယေရှုခရစ်အပေါ်တွင်လည်း ဖြောင့်မတ်နိုင်မည် မဟုတ်ပေ။ မမှန်သော သက်သေခံခြင်းသည် ပေါင်းသင်းဆက်ဆံခြင်းကို ဖျက်ဆီးတတ်၍ သမ္မာတရားသည် မှားယွင်းသော ပေါင်းသင်းဆက်ဆံခြင်းကို အပိုင်းပိုင်းဖြတ်စေ၍ စစ်မှန်သော ညီအစ်ကိုစိတ်ဓာတ်ကို ထူထောင်သည်။ ဘုရားသခင်နှင့် လူရှေ့တွင်ရှိသော သမ္မာတရားအတိုင်း မကျင့်ကြံနိုင်လျှင် မိမိကားတိုင်ကို ထမ်းနိုင်မည်မဟုတ်ပေ။

Dietrich Bonhoeffer
နာဇီများကို ဆန့်ကျင်တော်လှန်မှုကြောင့် ကြိုးပေးခံရသူ
ဘာလင်၊ ဂျာမနီ
၁၉၄၅

စိတ်နှလုံး၌ သမ္မာတရားရှိခြင်းနှင့် သမ္မာတရားကို ကြားပြောခြင်းသည် တော်လှန်ခြင်းတခုပင် ဖြစ်လေသည်။ သမ္မာတရားကို သိရှိသောသူသည် ဘုရားသခင်ဘက်တွင် စိတ်အားကြီး၍ ဘုရားဘက်မှာ အစဉ်အမြဲရပ်တည်ကာ အခြားသူများကို ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအကြောင်း မပြောဘဲ မနေနိုင်ကြပါ။ ကိုယ်တော်၏ တိုင်းနိုင်ငံအတွက် အစေခံကာ သမ္မာတရားကို မပြောကြားဘဲ မနေနိုင်ကြပါ။

သမ္မာတရားကို သိကျွမ်းခြင်းသည် ယေရှုခရစ်ကို သိကျွမ်းခြင်း ဖြစ်သည်ဟု ဆိုသူတို့သည် တပါးသူကို ကိုယ်တော့်အကြောင်း မပြောကြားပါက သမ္မာတရားကို သိရှိသူဟု ခေါ်ဆိုနိုင်မည်လား။ ဖြစ်နိုင်ခြေ အင်မတန် နည်းပါသည်။ ကိုယ်တော်ကို သိရှိသောသူသည် ကိုယ်တော်ကို အတွင်းနှလုံးသားမှ ငြင်းပယ်၍ မရနိုင်သကဲ့သို့ ကိုယ်တော်ကို သိကျွမ်းခြင်းသည် အသက်တာခရီးကို ပြောင်းလဲစေသောကြောင့် ကိုယ်တော်ရှင်၏ ချစ်ခြင်းမေတ္တာအကြောင်းကို မပြောကြားဘဲ နေနိုင်မည်မဟုတ်ပါ။

ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့် ခန္ဓာရေးရာ၊ ဝိညာဉ်ရေးရာနှင့် ဆိုင်သော အခြေအနေများတွင် ပြောင်းလဲမှု ရှိနိုင်သောကြောင့် လိမ်လည်လှည့်ဖျားနေချိန်၊ ညှဉ်းပန်းနှိပ်စက်ခံနေရချိန်တွင် အတွင်းသဘောက သက်သောင့်သက်သာ နေထိုင်နိုင်မည် မဟုတ်ပါ။ အတွင်းသဘောက ထိုသို့သော မကောင်းမှုကို တွန်းလှန်နေမည်ဖြစ်သည်။ ကိုယ်တော်ကို သိကျွမ်းခြင်းသည် သမ္မာတရားအတွက် သက်သေခံခြင်းအပြင် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအတွက် ချစ်ခြင်းမေတ္တာ၌ ပြောင်းလဲစေသူဖြစ်လာခြင်းကို ဆိုလိုသည်။ ယေရှုကိုချစ်သောသူတိုင်းသည် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ​ ပြောင်းလဲခြင်းကို လုပ်ဆောင်ကြသည်။

ယေရှုခရစ်ကို သိပါသလား။
ဤစာအုပ်သည် ကိုယ်တော်ကို သိရှိပြီး ကိုယ်တော်အတွက် အရာရာကို စွန့်လွှတ်ရဲသူတို့၏ ဇာတ်လမ်းများဖြင့် ပြည့်နှက်နေသည်။
မာတုရများထံမှ လေ့လာပါ။
မာတုရကဲ့သို့ ကျင့်ကြံပါ။
သင်၏ဘဝသည် သမ္မာတရားအတွက် အပြောင်းအလဲတစ်ခု ဖြစ်ပါစေ။

အပိုင်း (၅) ဆက်ရန