ပျိုမျစ်ခြင်းနဲ့ ရုန်းကန်ရင်း
အမေ့ရဲ့ချစ်ခြင်းက ဘဝရဲ့အစ
နွေးထွေးလှတဲ့ မေတ္တာတရားနဲ့
လဲကျတိုင်း ဖေးမထူလို့
မငြိုငြင်ရက်တဲ့ သူ့အချစ်
ကမ္ဘာစစ်ဖြစ်ခဲ့ရင်တောင်
မျက်တောင်တချက်မခတ်ဘဲ
မေတ္တာဓာတ်နဲ့ လွှမ်းခြုံပေးတယ်
ငိုနေရင်လည်းသူသိတယ်...
အဆင်မပြေလည်း သူသိတယ်
အပြင်မှာနေလည်း သူသိတယ်
မှားခဲ့ရင်တောင် မေတ္တာဘောင်ထဲက
သွန်သင်ဆုံးမလို့ သုံးစားမရတဲ့သူကို
လမ်းမှန်တည့်ပြီး အောင်မြင်ဖို့တွန်းတင်ရင်း
ချစ်ခြင်းနဲ့ ထွေးပွေ့ဆဲသူဟာ
ကမ္ဘာမြေမှာ သူတယောက်ပဲရှိတယ်...
အားငယ်ချိန်တိုင်း တမ်းတမိတာ
သူသာ အနားမှာရှိရင်
ဘယ်လိုသွန်သင်မလဲလို့ တွေးရင်း
လွမ်းနေမိပြီ...
လောကဒဏ်က ထွက်ရတဲ့နေ့
ပြန်တွေ့ရမှာမို့... ငိုမနေတော့ဘူး
Stallone (ဖျာပုံ)
- ပင်မ
- အာဘော်
- _အယ်ဒီတာ့ အာဘော်
- _သရော်စာ
- _ကာတွန်း
- ရသမှတ်စု
- သုတစာစု
- အင်စတီကျူးရှင်း
- _စာကြည့်တိုက်
- _စာပေ
- _စင်တာ
- _ပုံနှိပ်တိုက်
- သင်ပုန်း
- _အယ်ဒီတာ့စားပွဲ
- _အခွင့်အလမ်း
- မိဿဟာရ
- စာမူတောင်းခံလွှာ
- သင်တန်း
- _ဆောင်းပါး
- __ဆောင်းပါး မိတ်ဆက်
- __လူမှုရေးဆောင်းပါး ချဉ်းကပ်
- _ပုံနှိပ်လုပ်ငန်း
- __ပုံနှိပ်လုပ်ငန်း ကကြီး ခခွေး
- __ပုံနှိပ်လုပ်ငန်းနှင့် ပတ်သတ်သည့် ဈေးတွက်နည်း
- _တည်းဖြတ်ခြင်း
- __အခြေခံ
- __အဆင့်မြင့်
- _လမ်းညွှန်ချက်
- __မဂ္ဂဇင်းပြုလုပ်ခြင်း
- __ဖတ်ညွှန်းရေးနည်း
- __Content Writing