Internship Vacancy Announcement

Devoship Journalတွင် အလုပ်သင်ဝန်ထမ်း ခေါ်ဆိုခြင်းဖြစ်သည်။

သာသနာအတွက် စာပေအားဖြင့် အမှုတော်ထမ်းဆောင်မည့်သူများကို နွေးထွေးစွာ ကြိုဆိုလက်ခံပါသည်။

ကိုဗစ်ကပ်ဘေးကာလ စာပေချစ်တဲ့ ခရစ်ယာန်တွေအတွက် အထူးအခွင့်အရေးတရပ်ဖြစ်ပါသည်။


Internship သတ်မှတ်ကာလမှာ ၃လဖြစ်ပြီး အလျင်းသင့်သလို Trainingများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

လျှောက်လွှာပေးပို့သူကို အင်တာဗျူး၍ ရွေးချယ်သွားပါမည်။

စာပေ(ခရစ်ယာန်)နှင့် နီးစပ်သူကို ပို၍ လိုအပ်ပါသည်။


New Normal Lifeဖြင့်နေထိုင်ရသည်လည်း ဖြစ်ပါသောကြောင့် ကွန်ပျူတာနှင့် အင်တာနက် အသုံးပြုခြင်းကိစ္စတွင် ကျွမ်းကျင်သူသာလျှင် လျှောက်ထားစေချင်ပါသည်။

လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက်မှာ ဇန်နဝါရီ (၃၁)ရက်နေ့ ညနေ (၄)နာရီဖြစ်ပြီး ဖေဖော်ဝါရီ (၁)ရက်နေ့တွင် အင်တာဗျူးရက်အချိန်ကို ပြန်လည် အကြောင်းပြန်ပေးသွားမည်ဖြစ်ပါသည်။


မှတ်ချက်။    ။ အရွေးချယ်ခံရသူကိုသာ ပြုလုပ်မည့် အစီအစဉ်များအား ပြောပြပေးသွားမည်ဖြစ်သည်။


Internshipကာလ ပြီးဆုံးသွားလျှင် 

၁။ သိရှိသွားနိုင်မည့် အရာများ

- အွန်လိုင်းမီဒီယာဖြင့် သာသနာပြုခြင်း

- Digital Toolများ၏ အသုံးဝင်ပုံ

- ခရစ်ယာန်စာပေကွန်ယက်

- တည်းဖြတ်ခြင်း အနုပညာ

- စာနယ်ဇင်းပညာ

- ဂျာနယ်တစောင်တွင် ရှိထားအပ်သည့် လက္ခဏာအင်္ဂါရပ်များ

- စာပေရေးရာ တွေးခေါ်မြော်မြင်နိုင်မှု စွမ်းရည်


၂။ ပြုလုပ်သွားနိုင်မည့် အရာများ

- ကိုယ်ပိုင် အွန်လိုင်းပလက်ဖောင်းတခု

- ကိုယ်ပိုင် မီဒီယာလုပ်ငန်းတခု

- ကိုယ်ပိုင် ဝဘ်ဆိုက်တခု

- စာအုပ်စာပေများ ဖြန့်ဖြူးခြင်း၊ ထုတ်ဝေခြင်း

(လူပြည့်သွားပြီ ဖြစ်သည်)