အမေဆိုတာ

ကိုးလလွယ် ဆယ်လဖွား

ဝေဒနာကို အပြုံးနဲ့ကွယ်

ကြင်နာချစ်ခြင်းပေးခဲ့တာ

အမေဆိုတာ တဦးတည်းပါ

ပညာကို သင်ကာပေးဖို့

နေပူထဲ လျှောက်လှမ်းရင်းက

အမောတွေ ဖြေပျောက်ကာ

ပညာတရားပေးခဲ့တာ

အမေဆိုတာ တဦးတည်းပါ

တို့များ အရွယ်ကြီးကာလာလည်း

သောကနဲ့ဒုက္ခမတွေ့စေဖို့

ဆုံးမစကား လက်ဝယ်ထားကာ

မမောမပန်း လမ်းပြခဲ့တာ

အမေဆိုတာ တဦးတည်းပါ ။



မုန်း (S.S.K.B.M.S)