နေပူ​သော်လည်း မိုးရွာတတ်တယ်


နေ​ရောင်လင်းလက်စွာ​တောက်ပ​နေတဲ့ ည​နေခင်းတခုဟာ လှပစွာသာယာလို့​နေပါ​သော်လည်း တခဏချင်းတွင်ပင် မိုးဖွဲ​လေးများကျလာ​လေရဲ့။ ဒီလိုနဲ့တ​ဖြေး​ဖြေးနှင့် ဒီမိုး​တွေဟာ ပိုသည်းလို့လာခဲ့ပါတယ်။ ​နေက​တော့ပူလို့​ကောင်း​နေတုန်းပင်။ ​နေပူ​သော်လည်းမိုးရွာနိုင်တယ်၊ မိုးအုံ့​သော်လည်း မိုးမရွာခြင်း စသဖြင့်ဖြစ်နိုင်ပါတယ်ဆိုတာကို နားလည်ရပါတယ်။

ဒီလိုပါပဲ မိမိတို့ရဲ့အသက်တာမှာ ဘုရားသားဖြစ်လို့ ဒုက္ခဆင်းရဲ​​တွေခက်ခဲမှု​တွေမရှိ​တော့ဘူး၊ ဘုရားသားက ​အောင်မြင်ရမယ်၊ ချမ်းသာရမယ်၊ ကျန်းမာရမယ်ဆိုသည်မှာ ​နေပူပူထဲတွင် မိုးမရွာနိုင်ဘူးလို့ဆို​နေသလိုပင် ဖြစ်​နေတတ်ပါတယ်။ ဆိုကြပါစို့ အကယ်၍သာ ​နေပူ​နေလျှင် မိုးလုံးဝမရွာဟုသိမှတ်ထားလျှင် ထို​နေပူချိန်မှာ မိုးရွာ​သောအချိန်တွင် ထိုသူသည် အံ့ဩမှင်သက်​နေမည်သိပ်​တော့ သူ့အတွက်ပြဿနာမရှိ​ပေ၊ ခဏတာ​ကြောင်ကြည့်​နေရုံသက်သက်ဆို​သော်လည်း ဘုရားသားဟုဆို​သောသူသာ ဒုက္ခဆင်းရဲ​တွေကြုံရင်၊ မကျန်းမာရင် ဘုရားသားမဟုတ်​တော့သလိုခံစားရကာ လမ်းလွဲသွား​စေနိုင်​ပေမည်။

ထိုကဲ့သို့ပင် မိုးအုံ့​နေတိုင်း မိုးရွာရမည်လို့သတ်မှတ်သလိုသာ ဆင်းရဲခြင်း၊ မကျန်းမာခြင်း၊ ဒုက္ခ​ရောက်ရခြင်း စသဖြင့်​တွေသာ ကြုံရတိုင်း ဘုရားသားမဟုတ်ဘူးလို့ သတ်မှတ်လျှင် ထပ်မံ လမ်းလွဲသွားနိုင်​ပေမည်။အနည်းငယ်​သော ဗဟုသုတသည် လူကိုအန္တရယ်​ပေးနိုင်သည်ဟုဆိုသကဲ့သို့ပင် ဘုရားသားဖြစ်တိုင်း ကျန်းမာရမှာလား၊ ​အောင်မြင်ရမှာလား၊ ဆင်းရဲ​နေရင်​ရော ဘုရားသားမဟုတ်​တော့ဘူးလား၊ မကျန်းမာရင်​ရော ဘုရားသားမဟုတ်​တော့ဘူးလား။ ဘုရားသားဆိုတာ ထိုအ​ခြေအ​နေ​တွေနဲ့သက်ဆိုင်​နေသလားဆိုတာကို ကျွန်​တော်တို့ယုံကြည်သူ ခရစ်ယာန်​တွေဟာ ဆင်ခြင်မိဖို့အရမ်းအ​ရေးကြီးပါတယ်။
ယောဘရဲ့အသက်တာကိုကြည့်ရရင် သူ့ပစ္စည်းဥစ္စာအကုန်လုံးနေ့ချင်းတွင် ဆုံးရှုံးသွားသလို၊ သားသမီး​တွေ​သေ၊ အနာစိမ်း​တွေ​ပေါက်၊ တနည်းအားဖြင့် မ​အောင်မြင်ဘူး၊ ဒုက္ခဆင်းရဲ​ရောက်တယ်၊ မကျန်းမာဘူးဖြစ်တယ်။ သူ့ကိုယသူ့ သူငယ်ချင်း​တွေကကြည့်ပြီး ဘုရားနဲ့မမှန်လို့ဆိုပြီး​တောင် အထင်လွဲတယ်ဆိုတာကို​တွေ့ရပါတယ်။ လက်ရှိအမြင်နဲ့​ပြော​နေကြအတိုင်း​ပြောရရင်​တော့ အဲ့​ကောင်ကို ဘုရားရိုက်တာ၊ ဘုရားမကြိုက်တာလုပ်လို့ဒုက္ခ​တွေတန်းဆီပြီး​ရောက်​နေရတာလို့ဆိုကြပါစို့။ သို့​သော် သူဟာ ဘုရားသခင်နှစ်သက်​သောသူဖြစ်တာကို​တွေ့ရတယ်။ ​ကျွန်​တော်တို့​တွေဟာ ယောဘကဲ့သို့ ကြုံ​တွေ့ရရင်​တောင်မှ ဘုရားသခင်ကို မပြစ်မှား​သောသူ၊ သစ္စာရှိစွာ ကိုးကွယ်​သောသူများ ဖြစ်​စေကြဖို့ရာလိုအပ်ပါတယ်။
​ယောဘရဲ့သူငယ်ချင်း​တွေ အမြင်မှာ​တော့ ​ကောင်းစား​နေတယ်၊ ကျန်းမာတယ်။ သို့​သော် ဘုရားသခင်သူတို့ကို မနှစ်သက်တာကို​တွေ့ရပါတယ်။ ​ယောဘ​တောင် သူတို့ကိုယ်စားဘုရားသခင်ကို ​တောင်းပန်​ပေးရတယ်ဆိုတာကို​တွေ့ရ​သော​ကြောင့် မိမိတို့၏ အမြင်နှင့်အထင်သည် လွဲ​နေတတ်​ပေသည်။

ဒါ​ကြောင့် ​နေပူပူတွင် မိုးရွာတတ်သလို၊ မိုးအုံ့တိုင်းလည်း မိုးမရွာတတ်သည်ကို သိမှတ်ကာ ဩဝါဒများကို ပိုင်းခြားနားလည်တတ်​သောသူများဖြစ်ကြဖို့ရန် အနည်းငယ်​ဝေမျှ ခွန်အား​ပေးလိုက်ပါတယ်။

ယောဘဝတ္တု၁:၂၂
ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။


Titus Kyaw Nyi