အဖေ့လက်ဆောင်

အဖေ့အပြုံးဟာဆေး

အဖေ့ရင်ငွေ့အေး

ဆုံးမစကား ချိုချိုလေးကို

ခုထိ ကြားယောင်မိပါတယ်

လိမ္မာပါ ကလေးလေးရယ်

ဘ၀လမ်းရှည်ရှည်ထဲမှာ

မိဘဆရာ ဆုံးမစကားများ

ရင်ထဲမှာ အစဉ်သာထားလို့

သမ္မာကျမ်းစာက အဖော်

ဆုတောင်းခြင်းက လက်နက်

လိုက်လျောက်ခြင်းက ဆုလာဘ်

ဒါဘ၀လမ်းအတွက်ပါလို့

အဖေ့ရဲ့လက်ဆောင်မွန်ကို

ကလေးလေးတစ်ယောက်

ထာဝရယူဆောင်သွားပါ့မယ်

ကတိပြုပါတယ် ချစ်သောဖေဖေရယ် ။

မုန်း (S.S.K.B.M.S)