လူတော်တော်များများ လောကအချစ်ဇွတ်ရှာ
အဲဒီအထဲမှာ သင်နှင့်ကျွန်ုပ်ပါသလား ။
လူတော်တော်များများလောကပညာဇွတ်ရှာ
အဲဒီအထဲမှာ သင်နှင့်ကျွန်ုပ်ပါသလား ။
အချင်းမိတ်ဆွေ စဉ်းစားကာ သမ္မာတရား၌ မိမိကိုယ်ကို စစ်ဆေး၍
ဝိညာဉ်နိုးထနိုးကြားပါ ။
ဘယ်သူတွေဘာပဲရှာရှာ
အချင်းယုံကြည်သူ သင်နှင့်ကျွန်ုပ်သည်
အမြင့်ဆုံးသော ထာဝရဘုရား၏ မျက်နှာတော်ကိုသာ ရှာရမည်မဟုတ်လော ။
အဘယ်ကြောင့်ဆိုသော်
ဖန်ဆင်းရှင်အဖမျက်နှာတော်သည် ကောင်းကြီးမင်္ဂလာအလုံးစုံတို့၏ အရင်းအမြစ်ဖြစ်သတည်း ။
ဣသရေလတိုင်းပြည်၏ လူတကာအလေးစားရဆုံးသော ရှင်ဘုရင်ဒါဝိဒ်မင်းကြီးကိုယ်တိုင်ပင်လျှင်
နိမ့်ချစွာ အသက်ရှင်သောဘုရား၏ မျက်နှာတော်ကိုသာလျှင် ရှာခဲ့သည်မှာ
သင်နှင့်ကျွန်ုပ်၏ သက်ရှိသက်သေပင်မဟုတ်လော ။
တလောကလုံးရှိ လူသားများ
လောကအရာများကိုပင် သေသည့်တိုင်ရှာနေစေကာမူ
သင်နှင့်ကျွန်ုပ်သည်
အဖထာဝရမြတ်စွာဘုရားသခင်၏ မျက်နှာတော်ကိုသာ
သေတဖန် သက်တဆုံးရှာရမည်မှာ မလွဲပေတည်း ။
အစ်စတဲလ်